စစ်တပ်လက်နက်ကြီးအစထိလို့ နေအိမ်ထဲဖုန်းသုံးနေတဲ့ ဆယ်ကျော်သက်လူငယ် သေဆုံး    ■လူငယ်ရဲ့နာရေးကို စစ်တပ်က  ဒရုန်းနဲ့ဗုံးထပ်ချ

စစ်တပ်လက်နက်ကြီးအစထိလို့ နေအိမ်ထဲဖုန်းသုံးနေတဲ့ ဆယ်ကျော်သက်လူငယ် သေဆုံး ■လူငယ်ရဲ့နာရေးကို စစ်တပ်က  ဒရုန်းနဲ့ဗုံးထပ်ချ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး အစထိမှန်တာကြောင့် ဆယ်ကျော်သက်လူငယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က ဆွာမြို့အခြေစိုက် ခလရ ၈၄ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ စည်ပိုင်းရွာ လူနေအိမ်တွေအနီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်အတွင်းဖုန်းသုံးနေတဲ့ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သက်လင်းထွန်းမှာ လက်နက်ကြီးဗုံးစရင်ဘက်ဖောက်ထွက်ဒဏ်ရာရပြီးနောက် ဆေးကုသနေစဉ် စက်တင်ဘာ ၆ ရက်မနေ့က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ မောင်သက်လင်းထွန်းရဲ့ နာရေးကို အောက်တိုဘာ ၆ ရက် မနေ့နေ့လယ် ၂ နာရီခန့်မှာ စည်ပိုင်းကျေးရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့ပြီး နာရေးပြုလုပ်နေစဉ် အထက်ပါစစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးထပ်ကြဲခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၂ တပ်ရင်းကရဲဘော်တဦးက ပြောပါတယ်။

" နာရေးကို ဒရုန်းနဲ့ကြဲတာ။ ဒါပေမယ့် ကျနော်တို့ဘက်က နာရေးကိုစောလုပ်လိုက်တော့ ဘုန်းကြီးကော ရွာသားတွေကော လွတ်သွားတယ်။ စည်ပိုင်းရွာမှာပဲ နာရေးပြန်လုပ်တာ၊ ၂ နာရီလောက်မှာ ဒရုန်းနဲ့ကြဲတာ၊ စည်ပိုင်းက စစ်တောင်းမြစ်ကမ်းဘေးဆိုတော့ စကစကဒရုန်းနဲ့ ရှိသမျှရွာတွေကို တလုံးတလုံးကြဲတာ"လို့ ၎င်းကပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာရွာမ၊ ကဲလင်းဆိပ်ရွာသစ်၊​ ရှားတောပိုင်းနဲ့ ရွာသာယာတို့မှာ စစ်တပ်ကချတဲ့ ဒရုန်းဗုံးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးအပါအဝင် ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး  #ရေတာရှည်  #စစ်ကောင်စီ  #လက်နက်ကြီး  #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10