စစ်တပ်လက်အောက်ခံဝန်ထမ်းတွေ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ပြင်ဦးလွင်မြို့နယ်ပကဖ သတိပေး

စစ်တပ်လက်အောက်ခံဝန်ထမ်းတွေ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ပြင်ဦးလွင်မြို့နယ်ပကဖ သတိပေး

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းကြဖို့ ပြင်ဦးလွင်မြို့နယ် ပကဖကတိုက်တွန်းထားပြီး ယခုတကြိမ်ဟာ နောက်ဆုံးအခွင့်အရေးပေးတာလို့ ပြင်ဦးလွင်မြို့နယ် ပကဖက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲ စတင်တော့မှာဖြစ်တာကြောင့် စက်တင်ဘာ ၁၁ ရက်က အထက်ပါ အတိုင်းထုတ်ပြန်ကြေညာခဲ့ တာ ဖြစ်ပါတယ်။ 

"အခုအခြေအနေ ဘာမှ ပြောခွင့်မရသေးပါ။ အဓိက စကစတွေကို CDM လုပ်ဖို့ သို့မဟုတ် အလင်းဝင်ဖို့ အလံဖြူထောင်ဖို့ ကိစ္စတွေကို ရည်ရွယ်တာပါ။ တော်လှန်စစ်ပွဲမှာ လူ့အသက်တွေ ဖြစ်နိုင်သမျှမဆုံးရှုံးစေဖို့ စကစဘက်ကို နောက်ဆုံးချိန်ထိ အခွင့်အရေးပေးတဲ့သဘောပါ" လို့ မြို့နယ်ပကဖက ရဲဘော် ဆာအိုပိုလို က ပြောပါတယ်။

ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် သြဂုတ်လအတွင်းမှာ ပြင်ဦးလွင်မြို့ကနေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တပ်မိသားစုဝင်တွေပြောင်းရွှေ့ခဲ့ကြပေမယ့် အခုချိန်မှာ အားလုံးမြို့ထဲကို ပြန်ဝင်လာကြပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

"အစိုးရရုံးဝန်ထမ်းတွေရော အကုန်ပြန်ရောက်နေပြီ။ ရုံးတွေလည်း ပုံမှန်ပြန်ဖွင့်နေတယ်။ မနေ့က ပကဖကြေညာချက်ထုတ်တာလည်းသိတယ်။ အကုန်အေးဆေးပဲ။ ရိုးနေကြပြီ" လို့ ပြင်ဦးလွင်မြို့က ဒေသခံတဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ခမ်းမကျရေးအတွက် ပြင်ဦးလွင်မြို့ ဒီဇင်ဘာခြံအနီးက သုတေသနတပ်ကနေ လက်နက်ကြီး ပစ်ကူတာတွေပြုလုပ်နေတာကြောင့် ပစ်ခတ်သံတွေကြားနေရပေမယ့် မြို့ကနေပြောင်းရွှေ့သွား ကြတဲ့သူတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - အမရာ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #PDF #ပြင်ဦးလွင် #ပကဖ #စစ်ရှောင် #မြို့သိမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10