စစ်တပ်သင်္ဘော ၉ စီးကို PDF တွေ ဘယ်လို သိမ်းဆည်းရမိခဲ့လဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ် ထောက်ပို့သင်္ဘော ၉ စီးကို  သိမ်းဆည်းနိုင်ခဲ့တယ်လို့ Myanmar National Armed Force - MNAF တပ်ဖွဲ့ထံမှ သိရပါတယ်။ 

ချင်းတွင်းမြစ်ကြောင်းကို စုန်ဆင်းလာတဲ့ စစ်တပ်ရဲ့ ထောက်ပို့သင်္ဘော ၂ စီးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မြစ်ကမ်းဘေးကနေ ကြိုစောင့်ပြီး နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြပြီး  ဒီသင်္ဘော ၂ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့  Myanmar National Armed Force - MNAF တပ်ဖွဲ့ဝင် ဗိုလ်ရောင်နီကပြောပါတယ်။ 

နောက်သုံးရက်အကြာ နိုဝင်ဘာ ၉ ရက်မှာ  ချင်းတွင်းမြစ်ကြောအတိုင်း မျောပါလာတဲ့ နောက်ထပ် စစ်တပ်ရဲ့ သင်္ဘော ၇ စီးကို ထမ်မံသိမ်းဆည်းရမိပြီး သစ်လုံးတွေ၊ ဆီပေပါတွေ၊ ကား ၃ စီး နဲ့ ထွန်စက် ၂ စီး တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သူကဆိုပါတယ်။ 

ဒီတိုက်ခိုက်သိမ်းပိုက်ရရှိမှုကိုတော့ Myanmar National Armed Force - MNAF ၊ ယင်းမာပင်ခရိုင် တပ်ရင်းတွေနဲ့ KLG PDF(ကျောက်လုံးကြီး)အဖွဲ့က ဦးဆောင်ပြီး ယင်းမာပင်ခရိုင်တပ်မဟာ၊ BLDF၊ ULF တပ်ပေါင်းစု၊ KG အဖွဲ့၊ ဘိုးတော်နီအဖွဲ့နဲ့ ဒေသခံပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #စစ်ကိုင်း #ကနီ #ချင်းတွင်းမြစ် #စစ်ကောင်စီ #ထောက်ပို့သင်္ဘော #MNAF #သိမ်းဆည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10