စစ်တပ်သတင်းပေးလုပ်ပြီး ဆက်ကြေးတောင်းနေတဲ့ရာအိမ်မှူး ပစ်သတ်ခံရလို့သေဆုံး

စစ်တပ်သတင်းပေးလုပ်ပြီး ဆက်ကြေးတောင်းနေတဲ့ရာအိမ်မှူး ပစ်သတ်ခံရလို့သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ထားဝယ်ကျေးရွာမှာ စစ်တပ်သတင်းပေးလုပ်ပြီး ဆက်ကြေးတောင်းနေတဲ့ ရာအိမ်မှူးတဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၅ ရက်ညနေ ၆ နာရီခန့်မှာ အသက် ၄၅ နှစ်အရွယ် ရာအိမ်မှူးဦးစစ်နိုင်ဟာ ထားဝယ်ကျေးရွာအနီး သစ်ကားတွေကိုဆက်ကြေးကောက်တဲ့ဂိတ်မှာရှိနေချိန် ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

"ထားဝယ်ရွာနားမှာရှိတဲ့ဂိတ်က ရိုးမထဲကထွက်လာတဲ့ သစ်ကားတွေကို ပိုက်ဆံတောင်းတဲ့ဂိတ်။ ဖြစ်တဲ့နေ့က အဲ့ဂိတ်မှာ သူတယောက်တည်းရှိနေချိန် ပစ်သတ်ခံလိုက်ရတာ။ နေရာမှာပဲ သေဆုံးသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဦးစစ်နိုင်ရဲ့အလောင်းကိုတော့ မေ ၁၆ ရက်မှာ မိသားစုတွေက ဇောင်းတူကျေးရွာသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

ဦးစစ်နိုင်ဟာ စစ်မှုထမ်းဟောင်းတဦးဖြစ်သလို စစ်တပ်သတင်းပေး ရာအိမ်မှူးတဦးလည်းဖြစ်ပြီး ထားဝယ်ကျေးရွာကိုဖြတ်သန်းသွားလာနေတဲ့ သစ်ကားတွေကို ဆက်ကြေးကောက်ခံခွင့်ရထားသူ ဖြစ်တယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။ 

ဒါ့အပြင် ပဲခူးရိုးမဘက်ကို စစ်ကောင်စီစစ်ကြောင်းတွေစစ်ကြောင်းထိုးသွားလာရာမှာလည်း နေအိမ်မှာဧည့်ခံကာ ကိုယ်တိုင်လမ်းပြအနေနဲ့ လိုက်ပါဆောင်ရွက်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က လုပ်ဆောင်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ထားဝယ်ကျေးရွာ #စစ်တပ်သတင်းပေး #ပစ်ခတ်ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10