စစ်တပ်သတင်းပေး စစ်မှုထမ်းဟောင်းတဦး ရှင်းလင်းခံရပြီး သေနတ်တလက်သိမ်းဆည်းရမိ

စစ်တပ်သတင်းပေး စစ်မှုထမ်းဟောင်းတဦး ရှင်းလင်းခံရပြီး သေနတ်တလက်သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်၊ အင်ကျင်းသာရွာမှာ နေထိုင်တဲ့ စစ်ထောက်လှမ်းရေး စစ်မှုထမ်းဟောင်းတဦး ဇွန်လ ၅ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရသူဟာ အသက် ၅၀ ကျော်အရွယ် ဦးလှမိုးဖြစ်ပြီး သူဟာ ကာကွယ်ရေးတပ်တွေရဲ့ အခြေအနေတွေကို စောင့်ကြည့်ပြီး စစ်ကောင်စီထံ သတင်းပေးတာတွေလုပ်နေတာကြောင့် သူ့ရဲ့နေအိမ်မှာတင် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် ၃ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီက သူ့ကို လက်နက်တပ်ဆင်ပေးထားတာဖြစ်ပြီး ရှင်းလင်းပြီးနောက် ကာဘိုင်သေနတ်တလက် သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ 

“လှမိုးကို သူ့ရဲ့နေအိမ်ထဲမှာ သေနတ်အတိုနဲ့ ၁ ချက်ပစ်ခဲ့ပါတယ်။ သူ့ဆီက ကာဘိုင် M1 ၁ လက်သိမ်းဆည်းယူခဲ့တယ်” လို့ အတည်ပြု ပြောဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ တပ်ခွဲ ၃၊ Burmese Guerrilla Force-BGFအဖွဲ့ နဲ့ Scorpions People Defense Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရတဲ့ ဦးလှမိုးဟာ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

စာတည်း - လင်း

ပုံစာ- စစ်တပ်သတင်းပေး စစ်မှုထမ်းဟောင်း ဦးလှမိုးထံက သိမ်းဆည်းခဲ့တဲ့ ကာဘိုင်သေနတ်

 

#မြေလတ်အသံ

#စစ်မှုထမ်းဟောင်း #စစ်တပ်သတင်းပေး #မြင်းခြံ #ကာဘိုင် #သိမ်းဆည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10