စစ်တပ်အဓမ္မယူလာတဲ့ ဘတ်စ်ကားကို တိုက်ပွဲအတွင်း သိမ်းမိပြီးနောက် ပိုင်ရှင်ထံပြန်ပေး

စစ်တပ်အဓမ္မယူလာတဲ့ ဘတ်စ်ကားကို တိုက်ပွဲအတွင်း သိမ်းမိပြီးနောက် ပိုင်ရှင်ထံပြန်ပေး

စစ်ကိုင်တိုင်း၊ မြင်းမူမြို့အဝင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သာတွေဆီက သိမ်းဆည်းခဲ့တဲ့ကားကို ကားပိုင်ရှင်ဆီပြန်ပေးခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ဆီက သိရပါတယ်။ 

တပ်ဖွဲ့ဆီကို ကားပိုင်ရှင်ကဆက်သွယ်လာတဲ့ သြဂုတ်လ ၁၆ ရက်မှာ သိမ်းယူခဲ့တဲ့ Nissan Mini Bus အမျိုးအစားကားကို ပြန်ပေးခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ကတော့ ပိုင်ရှင်ဆီက တစုံတရာ ငွေကြေးကောက်ခံတာတွေမရှိခဲ့ပါဘူး၊ သူတို့ပိုင်ရှင် ဖြစ်နေတဲ့အတွက် ကျနော်တို့ကပြန်ပေးခဲ့တာ” လို့ Dog Killers People's Defence Force Myinmu မှ ရဲဘော်မောင်ပြူး က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက အဲ့ဒီကားနဲ့ဒရိုင်ဘာကို အဓမ္မခေါ်ထားကာ စစ်သင်တန်းဆင်းတွေကို ပို့ဖို့ခိုင်းစေခဲ့တာလို့လည်း ဆိုပါတယ်။ 

“အဲ့ဒီကားနဲ့ဒရိုင်ဘာကို စစ်တပ်ကချောဆွဲပြီးတော့ သင်တန်းဆင်းတွေကို ပို့ခိုင်းတယ်လို့လည်း ကျနော်တို့ကိုပြောတယ်၊ ကားပိုင်ရှင်ကတော့ အခုလိုကားပြန်ပေးလို့ ကျေးဇူးတင်ကြောင်းတော့ ပြောသွားတယ်။ ကျနော်တို့က အရပ်သားပြည်သူတွေရဲ့ပစ္စည်းကို လက်ဖျားနဲ့တောင်မထိပါဘူး၊ အရပ်သားတွေရဲ့ ပစ္စည်းမှန်ကန်တယ်ဆိုရင် ကျနော်တို့ကပေးအပ်မှာပါ၊” လို့ ဆိုပါတယ်။ 

သြဂုတ် ၉ ရက် မနက် ၁၀ နာရီ ၅၅ မိနစ်လောက်မှာ မုံရွာဘက်ကနေ စစ်မှုထမ်းသင်တန်းဆင်းနဲ့ စစ်သားအင်အား ၆၀ ဦးလောက်လိုက်ပါလာတဲ့ ကား ၄ စီးကို မြင်းမူမြို့နယ်၊ တန်ပိုတိုးဂိတ်အနီးမှာ ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ 

အဲ့ဒီနောက် သြဂုတ် ၁၀ ရက်နေ့လယ် ၂ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာအနီး ပျက်စီးနေတဲ့ အထက်ပါ Nissan Mini Bus ကားကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #PDF #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10