စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ပြာကျပျက်စီးသွားခဲ့တဲ့ ဟင်္သာမကျေးရွာ (ရုပ်သံဆောင်းပါး)

ဟင်္သာမကျေးရွာအုပ်စုဟာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာရှိပြီး ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး၊ ပေါက်ကုန်း၊ ရွာသာယာ၊ စဉ့်အိုးကျွန်းနဲ့ နေပူကုန်းစတဲ့ ကျေးရွာတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စုတခုပါ။ 

၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း တနိုင်ငံလုံးမှာ CDM လှုပ်ရှားမှုပေါ်ပေါက်လာတဲ့အခါ ဟင်္သာမ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ဦးလည်း CDM ပြုလုပ်ခဲ့ပါတယ်။

ဒီအခါမှာ စစ်ကောင်စီဟာ သူတို့ကို ထောက်ခံအားပေးတဲ့ ဦးခင်မောင်သန်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်လိုက်ပြီး ကျေးရွာထဲက ဦးဘဲမော်ဆိုသူကိုပါ အတွင်းရေးမှူး အဖြစ်ခန့်အပ်လိုက်ပါတယ်။ 

ဟင်္သာမကျေးရွာအုပ်စုအနောက်ဘက် ဧရာဝတီမြစ်ကမ်းတဖက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထဲမှာ လက်နက်ကိုင်တော်လှန်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့အခါ စစ်ကောင်စီဟာ အဲ့ဒီဒေသကို ထိန်းချုပ်ဖို့ ဟင်္သာမကျေးရွာတွေကို ခြေကုတ်ယူဖို့ ကြိုးစားလာပါတော့တယ်။

၂၀၂၁ ဩဂုတ်လမှာတော့ စစ်ကောင်စီက ဟင်္သာမကျေးရွာအုပ်စုကို မန္တလေးတိုင်းရဲ့ ခံစစ်တခုသဖွယ် လုပ်ပြီး ....

ဆောင်းပါး - အောင်ဟိန်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #မန္တလေး #စဉ့်ကူး #ဟင်္သာမရွာ #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10