စစ်တပ် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၃ဦးထိခိုက်ဒဏ်ရာရ ( ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာနားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပျူစောထီးနဲ့ စစ်သားတွေကို Drone နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Black Cheetah People's Defence Force( BC PDF) အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေဆီက ဆပ်ကြေးကောက်နေလို့ ဖေဖော်ဝါရီ ၉ရက် မနေ့က မနက်ပိုင်းမှာ Drone ၃စီးနဲ့ အီနာဂါဗုံး ၈လုံးပစ်ချပြီးတိုက်ခိုက်ခဲ့တယ်လို့ BC PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

" အတွင်း ဖရဲသီးသတင်းပေးချက်အရ စစ်** ၁ ကောင် နဲ့ ပျူ ၂ ကောင်တော့ထိတယ်ပြောတယ်။ အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ခွေးကနည်းပြီး ပျူကများတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျနော်တို့ Drone လွှတ်တဲ့နေရာ ၁ လုံးကျတယ်" လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ အဲဒီ‌စစ်ဆေးရေးဂိတ်နေရာမှာ စစ်သားနဲ့ပျူစောထီးတွေက အထိုင်ချပြီး ဆပ်ကြေး ကောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုကို Black Cheetah People's Defence Force အပါအဝင် မြိုင် ပကဖ ရင်း(၁)၊ YSO Urban Underground Revolution Force၊ 27 Revolution Force နဲ့ Black Cobra အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်ကလည်း မြိုင်မြို့နယ် သရက်ကန်ရွာက ပျူစောထီးစခန်းကို Black Cheetah People's Defence Forceအဖွဲ့က လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်ခဲ့လို့ စစ်သား ၄ ဦး သေဆုံးတယ်လို့ သိရပါတယ်။

တည်းဖြတ်- ခင်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10