စစ်တပ် တပ်စွဲထားတဲ့စာသင်ကျောင်းကို PDF တွေက ဒရုန်းနဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

စစ်တပ် တပ်စွဲထားတဲ့စာသင်ကျောင်းကို PDF တွေက ဒရုန်းနဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေကျင်ရွာရှိ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ BLACK WOLF - ARMY အဖွဲ့ရဲ့ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။

ရွှေကျင်ရွာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို စက်တင်ဘာ ၁၅ ရက် မနက် ၇ နာရီခွဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ ဗုံးသီးဟာ စာသင်ကျောင်းဆောင်ရဲ့ ခေါင်းမိုးတည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ရွှေဘိုမြို့ရှိ ခမရ ၁၂ တပ်ရင်းကဖြစ်ပြီး တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာတော့ သူတို့တပ်ရင်းထဲသို့ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ရွှေကျင်ကျေးရွာမှ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားတဲ့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့အခါမှာတော့ တပ်စွဲထားတဲ့စာသင်ကျောင်းဆောင်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သွေးကွက်တွေနဲ့အတူ စစ်ကောင်စီစစ်သားရဲ့ ယူနီဖောင်းတခုကို တွေ့ခဲ့ရသလို ဒဏ်ရာရရှိသွားတဲ့အတွက် ဆေးဝါးကုသထားတဲ့ ဆေးထိုးအပ်၊ ဆေးဘူးတွေကိုလည်း တွေ့ခဲ့ရတယ်လို့ BLACK WOLF - ARMY အဖွဲ့ရဲ့ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။

"အဲ့ဒီစစ်ကြောင်းက ရွှေကျင်ရွာကို ရောက်တာမကြာသေးဘူး။ ဒရုန်းနဲ့ဗုံးသီးချတဲ့အချိန်က သူတို့ (စကစ)တွေ ထမင်းစားနေကြတဲ့အချိန်။ ထမင်းတွေနဲ့ သွေးတွေ ပြန့်ကြဲနေတယ်"လို့ သူက ဆက်ရှင်းပြပါတယ်။ 

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီဘက်က ဗိုလ်အဆင့်တဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၅ ဦးပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ BLACK WOLF - ARMY အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆင်ရေးကို BLACK WOLF-ARMY ၊ Who Am I-Army၊ Forest Fighter၊ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ အဲhဒီ‌ကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကြောင်းကိုပဲ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်မှာ နတ်တောင်နဂါးအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့ကြသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ရွှေဘို# ရွှေကျင်ကျေးရွာ #စာသင်ကျောင်း #စစ်ကောင်စီတပ် #ဒရုန်း #ဗုံး #တိုက်ခိုက် #BLACK_WOLF_Army #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10