စစ်တွင်းကာလ တွေ့မြင် ကြားသမျှ ကုန်ကားသမားဘဝ

ဒီကာလကြီးမှာ ကားမောင်းရတာ ကျနော်တို့ ကားဆရာတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်ဗျာ။ ကားမောင်းရင်း တိုက်ပွဲနဲ့ကြုံလို့ ကားအောက် ဝင်ပုန်းခဲ့ရတဲ့အချိန်တွေ၊ ရှေ့မှာတိုက်ပွဲဖြစ်လို့ လမ်းပိတ်ပြီး ထမင်းငတ်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ 

နောက်ပြီး စစ်ကြောင်းရှိတာ မသိဘဲ သွားမိလို့ တိုက်ပွဲဖြစ်တဲ့အခါ တိုက်ပွဲကြားညပ်ပြီး လက်နက်ထိဆုံးသွားတဲ့ ကားဆရာတွေ၊ စစ်ကောင်စီတပ်က ကားချောဆွဲတာပါသွားလို့ တော်လှန်ရေးအင်အားစုက ဖြတ်တိုက်တာခံရပြီး အသက်ဆုံးရှုံးလိုက်ရတဲ့ ကားဆရာတွေ၊ ခရီးသွားနေရင်း တိုက်ပွဲနဲ့ကြုံပြီး လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့ဟာရ၊ အသက်ဆုံးရှုံးတဲ့ဟာ ဆုံးရှုံး ဖြစ်ခဲ့ရတဲ့ ခရီးသည်တင် ကားဆရာတွေနဲ့ ခရီးသွားပြည်သူတွေ စတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ကြတယ်။

မြေလတ်အသံက တင်ဆက်ခဲ့တဲ့ "စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ" ဆောင်းပါးကို ရုပ်သံအဖြစ် ပြန်လည်တင်ဆက်ပေးထားပါတယ်။

ပြင်ပဆောင်းပါးရှင် - ရောင်နီ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10