စစ်ပွဲကြားက အသက်ကို ရင်းထားရတဲ့ ကိုယ်ဝန်ဆောင်သည်များ (ရုပ်သံဆောင်းပါး)

အသက် ၃၆ နှစ်အရွယ် မသက်မာဟာ သူ့ရဲ့တတိယမြောက် ကိုယ်ဝန် ၁၀ လပြည့်လို့ မီးဖွားဖို့ရာ သူနေထိုင်ရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကနေ မကျီးကန်ကျေးရွာ ဆေးခန်းဆီကို ရင်တထိတ်ထိတ်နဲ့ သွားခဲ့ပါတယ်။ 

ပန်းရွာဟာ အိမ်ခြေ ၁သောင်းကျော်ရှိပြီး ရပ်ကွက်ကြီး ၄ ခု ရှိတဲ့ ရွာကြီးပါ။ စစ်တပ် အာဏာမသိမ်းခင်က စီးပွားရေးအဆင်ပြေကြသလို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် ထဲမှာတော့  PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ပန်းရွာက အိမ်ခြေတဝက်လောက်ကို စစ်တပ်က မီးရှို့သွားခဲ့ရာ ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပါ ပျက်စီးသွားခဲ့ရပါတယ်။ 

ဒါကြောင့် မသက်မာတို့လို ကိုယ်ဝန်ဆောင်တွေနဲ့ နာမကျန်းဖြစ်သူတွေဟာ .....

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #အညာ #စစ်ပွဲ #ကိုယ်ဝန်ဆောင် #ကျန်းမာရေးစောင့်ရှောက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10