စစ်ဗိုလ်ကြီး အိပ်မက် (ရုပ်သံဆောင်းပါး)

မကွေး အဝေးသင်ကျောင်းသားဘဝတုန်းက တပ်ကြပ်တယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်။ သူက အဝေးသင်မှာ နှစ်ကြီးသမား။ ကျတော်ထက်လည်း အသက် ၄ နှစ်လောက်ကြီးတယ်။နောက်ဆုံးနှစ် အင်္ဂလိပ်စာမေဂျာကျောင်းသား။ နောက်မှသိရတာက နောက်ဆုံးနှစ်မှာ စာမေးပွဲမဖြေဘဲနေနေတာ သုံးနှစ်လောက် ရှိပြီတဲ့။

သူ့ကိုကြည့်ရတာ စစ်သားနဲ့လည်းမတူ ခပ်သန့်သန့်နဲ့ မိန်းကလေးတွေ အကြိုက်များတဲ့ ပုံစံမျိုးထဲပါတယ်။ တဆောင်ထဲ အတူနေကြတာဆိုတော့ တပတ်နှစ်ပတ်လောက်အတွင်း ‌ညီအစ်ကိုတွေလို ခင်သွားတယ်။

တရက်တော့ မူးပြီ သူ့အကြောင်းပြောပြတယ်။ ငါဆယ်တန်းအောင်တော့ ရွာမှာ ဆယ်တန်းအောင်တွေရှားသေးတယ်။ ငါ့နောက်မှ ကလေးတွေ လိုက်အောင်ကြတာများတယ်။ ငါက ဆယ်တန်းကို အမှတ် ၃၉၀ကျော်နဲ့အောင်ခဲ့တာဆိုပြီး အမှတ်စာရင်းထုတ်ပြန်ရင်း ပြောတယ်။ အဲ့ဒီတုန်းက အင်ဂျင်နီယာလို အသက်မွေးဝမ်းကျောင်း တက္တသိုလ်တွေမီတယ်။ နေမယ်ဆိုလည်း အိမ်က လယ်လေးယာလေးရှိတော့ ‌နည်းနည်းဖဲ့ရောင်းရင် နေလို့ရတယ်ပေါ့ အရမ်းကြီး မဆင်းရဲဘူး။

ဟိတ်ကောင်ရေ ငါဆယ်တန်း အောင်တော့ တရွာလုံးက ဝိုင်းတိုက်တွန်းကြတာ စစ်ထဲဝင်တဲ့ တရွာလုံးထက် ပညာတတ်ပါတယ်ဆိုတဲ့ ရွာဦးကျောင်း ဆရာတော် ငါ့ဦးရီးတော်ကလည်း စစ်ထဲဝင်ခိုင်းတာပဲ။ စစ်ဗိုလ်ကြီး ဖြစ်ကိုဖြစ်ရမယ် ငါတူ ငါ့တပည့်ရ တဲ့ ....

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #စစ်ဗိုလ်ကြီးအိပ်မက် #စစ်သား #OTS #ဗိုလ်သင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10