သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကနေ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်အချို့အတွက် ထန်းလက်တဲ ၁၀၀ ကျော်ကို ဆောက်လုပ်ပေးထားတယ်လို့ Chaung U Revolution အဖွဲ့ဆီက သိရပါတယ်။
တိုက်ပွဲနဲ့ ပျူရန်တွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ရတာ ရက်ကြာလာတဲ့အတွက် အခြားသူနေအိမ်နဲ့ ခြံတွေထဲမှာ နေထိုင်ရတာ အဆင်မပြေမှုတွေ ဖြစ်လာလို့ အကူအညီတောင်းလာရာကနေ တဲတွေဆောက်လုပ်ပေးရင်း အလုံးရေ ၁၀၀ ကျော်တဲ့အထိ ဆောက်လုပ်ပေးနိုင်ခဲ့တာလို့ Chaung U Revolution အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ခုဆို ကျနော်တို့ဘက်ခြမ်းက ရွာတွေမှာ နှစ်ချီပြီး စစ်ဘေးရှောင်နေရတဲ့သူတွေ ရှိတယ်။ ရေရှည်ကျတော့ သူများနေရာမှာ နေရတာ အဆင်မပြေတော့လို့ လာအကူအညီတောင်းတော့ လွတ်တဲ့နေရာလေးမှာ စီစဥ်ဆောက်လုပ်ပေးဖြစ်တယ်။ ခုလုပ်ပေးခဲ့သလောက်က စစ်ဘေးရှောင်နေသူအားလုံးအတွက် မလုပ်ပေးနိုင်သေးဘူး။ ကျနော်တို့ဆီကို အကူအညီ လာတောင်းတဲ့သူတွေလောက်ပဲ လုပ်ပေးနိုင်သေးတယ်" လို့ ပြောပါတယ်။