စစ်ဘေးသင့်စာသင်ကျောင်းမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်

စစ်ဘေးသင့်စာသင်ကျောင်းမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဘေးသင့်စာသင်ကျောင်းတခုမှာ ဇွန် ၁၉ ရက် ဒီမနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ S&C အဖွဲ့ဆီက သိရပါတယ်။ 

ဒီပွဲကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ကဦးစီးကျင်းပခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအချို့နဲ့ ကျောင်းသား၊ကျောင်းသူတွေကလည်း အင်္ကျီအဖြူဝတ်ဆင်ပြီး နှင်းဆီးပန်းတွေ ကိုင်ဆောင်ကာ အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်ခွဲခဲ့ကြတယ်လို့ သိရပါတယ်။ 

ဓါတ်ပုံ - S&C 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #မွေးနေ့ #ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10