"စစ်ဘေးအပြင် ရေရှားပါးမှုပါ ထပ်ကြုံနေရတဲ့ ပြည်သူ့ဘဝများ"

မြန်မာနိုင်ငံမှာ ကျေးလက်ဒေသအများအပြားအပါအဝင် မြို့ပေါ်ရပ်ကွက်အချို့တွေမှာ နှစ်စဉ် မတ်လ ကနေ မေလ အတွင်းမှာ သောက်သုံးရေရှားပါးမှုတွေကို ကြုံတွေ့ခံစားနေကြရတာ ဆယ်စုနှစ်ကျော်ရှိလာခဲ့ပါပြီ။

ယခု ၂၀၂၃ ခုနှစ်မှာလဲ စစ်ကိုင်း မကွေး ပဲခူး မန္တလေး တနင်္သာရီ စတဲ့တိုင်းတွေအပါအဝင် ရခိုင်နဲ့ ကယားပြည်နယ်ဘက်က ဒေသအချို့မှာ သောက်သုံးရေ ပြတ်လတ်မှုတွေစတင်ကြုံတွေ့နေကြရပါပြီ။

ဒီအထဲမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေလည်း ပါဝင်နေကြပြီး အသက်ဘေးလွတ်ရာစစ်ရှောင်နေရတဲ့အတွက်  သူတို့ ရောက်ရှိရာဒေသအချို့မှာ သောက်သုံးရေရှားပါးမှုဒါဏ်တွေခံနေကြရပါတယ်။

ဒီအခြေအနေတွေနဲ့အတူ နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ ရေရှားမှုဟာ ဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းနေကြလဲ စတဲ့အကြောင်းအရာတွေကို ဒီတပါတ် မြေလတ် လူမှု စီးပွါး အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ က တင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10