စစ်မြေပြင်က PDF တွေကို လာတွေ့တဲ့ NUG ပြည်ထဲရေးဝန်ကြီး

စစ်မြေပြင်က PDF တွေကို လာတွေ့တဲ့ NUG ပြည်ထဲရေးဝန်ကြီး

ပဲခူးတိုင်းအရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိ ရှေ့တန်းစစ်မြေပြင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့က ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်းမှာ လာရောက်တွေဆုံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးထံက သိရပါတယ်။

ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်စခန်းတွေဆီသွားရောက်ခဲ့ပြီး သက်ဆိုင်ရာဒေသများမှ PDFစစ်ကြောင်းမှူးများ၊ ပအဖ အဖွဲ့များအားတွေ့ဆုံကာ လမ်းညွှန်မှာကြားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

" NUG တာဝန်ရှိသူအားလုံး သူ့နေရာနဲ့သူတော်လှန်ရေးအတွက် အချိန်ပြည့် ကြိုးစားဆောင်ရွက်နေပါတယ်။ ပြည်သူ့ထောက်ခံမှုနဲ့သာ ဒီလိုအောင်မြင်မှုတွေ တဆင့်ချင်းရလာတာပါ" လို့  အမှတ် ၂ စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

PDF တွေဘက်က လိုအပ်နေတဲ့ ရိက္ခာနဲ့ လက်နက်၊ခဲယမ်းတွေကို NUG အနေနဲ့ အမြန်ဆုံးဖြည့်တင်းဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့က လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာ ပဲခူးတိုင်းရှေ့ခြမ်း၊ စစ်တောင်းမြစ်ဝှမ်းဒေသကို စစ်ရေးအရှိန်မြှင့်မယ်လို့ PDF တပ်ရင်းတွေဘက်က ထုတ်ပြန်ပြီးတဲ့နောက် မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီဒေသတွေကိုလည်း KNLA နဲ့ PDF စစ်ကြောင်းတွေက ထိန်းချုပ်ထားနိုင်တာလည်း ဖြစ်ပါတယ်။

 

#မြေလတ်အသံ

#ပဲခူးတိုင်း #စစ်တောင်းမြစ်ဝှမ်းဒေသ #ရှေ့တန်းစစ်မြေပြင် #PDF #NUG #ပြည်ထဲရေးဝန်ကြီး #လာရောက်တွေ့ဆုံ #လမ်းညွှန်မှာကြား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10