စစ်မှုထမ်းဖို့ လူငယ်တွေကို နေအိမ်အထိ စစ်တပ်က ဖမ်းခေါ်နေ

စစ်မှုထမ်းဖို့ လူငယ်တွေကို နေအိမ်အထိ စစ်တပ်က ဖမ်းခေါ်နေ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းမှာ စစ်မှုထမ်း ဒုတိယအသုတ်အတွက် လူငယ်တွေကို နေအိမ်တွေထဲထိ စစ်တပ်က အတင်းအဓမ္မဖမ်းခေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၃ ရက် ညပိုင်းမှာ ဖြူးမြို့၊ မြို့မအနောက်ရပ်ကွက် အသက် ၃၀ အရွယ် ကိုပဲပြားကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

"အခုက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ စစ်တပ်ကလူတွေ နေအိမ်တွေမှာ နာမည်တွေနဲ့ ဝင်ခေါ်တာ လုပ်နေတယ်။ ချက်ချင်းခေါ်သွားတာ။ ဘာမှ ဆင်ခြေပေးလို့ မရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်မှုထမ်းဖို့ခေါ်ခံရသူတွေဟာ အဝတ်အစားနှစ်စုံ၊ အသုံးအဆောင်ပစ္စည်းတချို့၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တွေကိုသာယူဆောင်ခိုင်းပြီး ချက်ချင်းခေါ်သွားတာလို့ သိရပါတယ်။

ကိုပဲပြားကိုလာခေါ်စဥ်မှာ တခြားသောစစ်မှုထမ်းဖို့ခေါ်ဆောင်ခံလာရတဲ့ လူငယ် ၃ ဦးကိုလည်း စစ်ကောင်စီအဖွဲ့ ရဲ့ ကားတွေပေါ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဖြူးမြို့မှာ စစ်မှုထမ်းဖို့ လူခေါ်ဆောင်ရာမှာ ပထမအသုတ်ကလို ရပ်ကွက်ရုံးခေါ်  မဲနှိုက်ခိုင်းတာ၊ နေအိမ်တွေကို အကြောင်းကြားစာပေးပို့တာမျိုးမလုပ်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကပေးတဲ့ နာမည်အတိုင်း နေအိမ်တွေမှာ ဝင်ရောက်ခေါ်ဆောင်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စစ်မှုထမ်းပထမအသုတ်မှာ ဖြူးမြို့နယ်ထဲက လူငယ် ၅၀ ကျော်စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရပြီး သင်တန်းကျောင်းတွေကို ပို့ဆောင်ခံရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီကတော့ တနိုင်ငံလုံးမှာ စစ်မှုထမ်းဒုတိယအသုတ်အနေနဲ့ လူဦးရေ ၅,၀၀၀ ခန့်ကို ထပ်မံ သင်တန်း ပေးဖို့လုပ်ဆောင်နေပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နဲ့ မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းဒုတိယအသုတ်သင်တန်းသားတွေကို ပို့ဆောင်ပြီး စာရင်းသွင်းသင်တန်းပေးတာ တွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့နယ် #စစ်မှုထမ်း #လူငယ် #စစ်တပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10