စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ MBT ရဲ့ အပတ်စဥ် ၁၃ အခြေခံစစ်သင်တန်းဆင်းပွဲ

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ MBT ရဲ့ အပတ်စဥ် ၁၃ အခြေခံစစ်သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း‌ဒေသမှာ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ က အပတ်စဥ် ၁၃ အခြေခံစစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ထွက်ပြေးလာသူတွေအပါအဝင် သင်တန်းသား ၂၁ ဦးပါဝင်တဲ့ အဆိုပါ သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာ ၃ ရက်ကစတင်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကိုတော့ အကျဥ်းချုံးပဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“အခုနောက်ပိုင်း သင်တန်းဆင်းပွဲတွေကို အရင်လိုစည်စည်ကားကားနဲ့ ခမ်းခမ်းနားနားမပြုလုပ်ပေးနိုင်တော့ပါဘူး။ နယ်မြေအနေအထားအရ လုံးဝအဆင်မပြေတော့လို့လည်း ပါတယ်။ ရန်သူရဲ့လေယာဉ်ကိုလည်း သတိထားရတာကြောင့် ခမ်းခမ်းနားနားမလုပ်နိုင်ဘဲ သာမန်ပုံစံပဲလုပ်နိုင်ခဲ့တယ်။”လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

သင်တန်းကာလအတွင်း အခြေခံစစ်ပညာတွေ၊ ပြည်သူလူထုအပေါ် စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ၊ စိတ်ဓာတ်ကြံ့ခိုင်ရေးပိုင်းနဲ့ စစ်ရေး၊ နိုင်ငံရေးသဘောတရားတွေကို ကွန်မန်ဒိုရဲဘော်တွေကတဆင့် သင်ကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #MBT #အခြေခံစစ်သင်တန်းဆင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10