စစ်မှုထမ်းဥပဒေကို ဆန့်ကျင်သူတွေပါဝင်တဲ့ YRA ထီးလင်း အခြေခံစစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းမှာ Yaw Revolution Army - ထီးလင်း၊ အပတ်စဥ် ၇ အခြေခံစစ်သင်တန်းဆင်းပွဲကို ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

ဒီသင်တန်းမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း စစ်မှုမထမ်းချင်လို့ ဒေသကိုပြန်လာတဲ့လူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့ထဲကို မဝင်ရ‌သေးတဲ့ လူငယ်တွေပါဝင်ကြတယ်လို့ ဆိုပါတယ်။ 

အပတ်စဉ် ၇ အခြေခံစစ်သင်တန်းကို ရက်ပေါင်း ၄၅ ရက်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား ၄၅ ဦးထဲမှာ အမျိုးသမီး ၇ ဦးပါဝင်တယ်လို့ သိရပါတယ်။

"သင်တန်းကို ၄၅ ရက်ပေးခဲ့တာပါ။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ဟာကို ရှောင်ရှားလာပြီး ဒေသကိုပြန်လာတဲ့လူငယ်တွေနဲ့ ကာကွယ်ရေးအဖွဲ့ထဲကိုမဝင်ရသေးတဲ့ လူငယ်တွေကျနော်တို့ PDF ထဲကိုဝင်လာတဲ့ သူတွေများပါတယ်" လို့ Yaw Revolution Army - ထီးလင်း  ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

သင်တန်းကာလအတွင်းမှာ ရဲဘော်တဦးအနေနဲ့ တတ်ထားရမယ့် အခြေခံစစ်ပညာတွေနဲ့ စစ်ရေးပြတာတွေကို သင်ကြားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

သင်တန်းဆင်းပွဲကို တပ်ဖွဲ့တာဝန်ရှိသူတွေ၊ သင်တန်းနည်းပြတွေ၊ သင်တန်းသားတွေ၊ တပ်ရင်း ရဲဘော်တွေနဲ့ ပကဖ၊ ပအဖ တာဝန်ရှိသူတချို့တက်ရောက်ခဲ့ပြီး ထူးချွန်သင်တန်းသားတွေကိုလည်း ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ထီးလင်း #YRA #PDF #အပတ်စဉ်၇ #အခြေခံစစ်သင်တန်းဆင်းပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10