စစ်မှုထမ်းဥပဒေကိုရှောင်ပြီး PDF တွေဆီရောက်လာတဲ့ လူငယ်‌ ၄ ဦးထွက်ပြေး၊ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ကြိုဆို

စစ်မှုထမ်းဥပဒေကိုရှောင်ပြီး PDF တွေဆီရောက်လာတဲ့ လူငယ်‌ ၄ ဦးထွက်ပြေး၊ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ကြိုဆို

မကွေးတိုင်း၊ သရက်မြို့မှာ PDF ၄ ဦး အလင်းဝင်ရောက်လာလို့ ကြိုဆိုတဲ့အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဇွန် ၁၄ ရက် မနေ့ညပိုင်းက စစ်တပ်ပိုင်မြဝတီသတင်းမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက အလင်းဝင်ရောက်တယ်လို့ဖော်ပြသူတွေဟာ သရက်ခရိုင်အတွင်း PDFတပ်ဖွဲ့တခုမှာ သင်တန်းတက်ရောက်နေရာကနေ ပြီးခဲ့တဲ့မေလအတွင်းက ထွက်ပြေးသွားသူတွေဖြစ်တယ်လို့ ဒေသPDFတပ်ဖွဲ့တွေနဲ့ နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“ PDF တော့ မဟုတ်ဘူးပေါ့။ သင်တန်းတက်နေရင်းကနေ မပြီးမြောက်သေးဘဲ ထွက်ပြေးသွားတဲ့ ကလေးတွေပေါ့ ” လို့ ၎င်းက ဆိုပါတယ်။

အဆိုပါလူငယ် ၄ ဦးဟာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းဖို့ PDF တပ်ဖွဲ့ထဲ ဝင်ရောက်လာသူတွေဖြစ်ကာ မေလအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ ထွက်ပြေးသွားသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီအလင်းဝင်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး သရက်မြို့ပေါ်မှာတော့ သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော်တွေ အလင်းဝင်တယ်လို့ သတင်းတချို့ထွက်ပေါ်နေပေမယ့် မဟုတ်ဘူးလို့ အဆိုပါတပ်ရင်းက ငြင်းဆိုထားပါတယ်။

“ အစကတော့ သရက်ခရိုင် တပ်ရင်း ၄ က PDFတွေ ထွက်ပြေးကြတယ်လို့ နာမည်ထွက်တယ်။ ကျနော်တို့ တပ်ရင်းက ရဲဘော်တွေထွက်ပြေးတာတော့မရှိဘူး‌။" လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အဆိုပါအလင်းဝင်ရောက်သူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ PDFအဖွဲ့ဝင်တွေဖြစ်ကာ ခံဝန်ကတိထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့တယ် ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#သရက်ခရိုင် #PDF #အလင်းဝင် #ဝါဒဖြန့် #စစ်မှုထမ်းဥပဒေ #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10