စစ်မှုမထမ်းချင်လို့ ကျောက်ဆည်ခရိုင်အမှတ်၂ တပ်ရင်းထဲဝင်လာသူ ၅၁ ဦး (ရုပ်/သံ)

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုသူ ၅၁ဦး ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းကို ရောက်ရှိလာပါတယ်။

အမျိုးသား ၄၆ ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင်ပြီး မန္တလေးတိုင်းက အများစုဖြစ်ကြပါတယ်။ သူတို့ကို စစ်ရေးဆိုင်ရာ ပစ်ခတ်တာ၊ စစ်ရေးပြတာ၊ တောတွင်း နေထိုင်နည်းတွေကို သင်ပေးနေပါတယ်။

အမျိုးသမီး၊ အမျိုးသား အကုန်လုံးက တိုက်ခိုက်ရေးဘက်ကို အားသန်နေကြပြီး သင်တန်းပြီးသွားချိန် လက်နက်ကိုင် တိုက်ခိုက်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်ကြဖို့ အဆိုပြုထားကြပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်မှုမထမ်းလိုသူများ #ကျောက်ဆည်ခရိုင်အမှတ်၂တပ်ရင်း #တော်လှန်ရေး #ရဲဘော် #ရဲမေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10