စစ်မှုမထမ်းမနေရဥပဒေထုတ်ပြီးနောက် မန္တလေးမြို့မှာ စစ်တပ်က လူစာရင်းကောက်

စစ်မှုမထမ်းမနေရဥပဒေထုတ်ပြီးနောက် မန္တလေးမြို့မှာ စစ်တပ်က လူစာရင်းကောက်

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေထုတ်ပြီးနောက် မန္တလေးမြို့က လူနေရပ်ကွက်တချို့မှာ နေ့ခင်းဘက် အိမ်ထောင်စုစာရင်း ကောက်တာတွေလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမထုတ်ပြန်ခင် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ချမ်းမြသာစည်မြို့နယ် ၁၀၁ လမ်း (သိပ္ပံလမ်း)၊ ၆၂ လမ်းကနေ ၆၈ လမ်း ကြားကနေအိမ်တွေမှာ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေ ကျား၊ မ စာရင်း အတိအကျလိုက်ကောက်တာတွေရှိ တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

 

"တရပ်ကွက်လုံးကောက်တယ်လို့ ပြောတယ်။ အဲတုန်းက ဥပဒေမထုတ်ပြန်သေးတော့ သာမန်ပဲထင်တာလေ။ အခုတော့ ကြောက်လန့်နေကြပြီ" လို့ မြို့ခံတဦးကပြောပါတယ်။

 

ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မှာလည်း စိန်ပန်းရပ်၊ ရွှေတိုးကုန်းရပ်ကွက်တွေမှာ အိမ်ထောင်စုစာရင်းတွေ လိုက်ကောက်နေတယ်လို့ ဆိုပါတယ်။

 

ဒီဥပဒေထုတ်ပြန်ပြီးနောက် နယ်ကနေမြို့ပေါ်မှာ အလုပ်လုပ်နေကြတဲ့လူငယ်တွေနဲ့ သင်တန်းတက်နေကြတဲ့ လူငယ်တချို့ကိုလည်း မိဘတွေက ပြန်လည်ခေါ်ယူတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

 

"မောင်လေးက ကိုရီးယားသွားဖို့ သင်တန်းတက်ရင်း အလုပ်လုပ်နေတာ။ နယ်မှာလည်း မငြိမ်ဘူးလေ။ အခုတော့နယ်မှာပဲ အတူတူပြေးရတာတော်သေးတယ်ဆိုပြီး အိမ်ကပြန်ခေါ်သွားပြီ။ ဒီမှာလည်းစိတ်ပူရတော့ စစ်တပ်ထဲပါသွားမယ့်အစား ရွာမှာ စစ်ရှောင်ရတာတော်သေးတယ်" လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေ(နိုင်ငံသားတိုင်းစစ်မှုမထမ်းမနေရဥပဒကို ဖေဖော်ဝါရီ ၁၀ ရက် နေ့ကစတင် အသက် ဝင်ကြောင်း စစ်တပ်ကထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေ အသက် ၁၇ နှစ် ကနေ ၂၇ နှစ် အတွင်း အမျိုးသား အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းသက်မှတ်ထားပါတယ်။

 


ပုံစာ-မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးရေးများပြုလုပ်နေစဉ်

 

စာတည်း-လင်းဇေ

 

 

#မြေလတ်အသံ

 

#စစ်ကောင်စီ #စစ်မှုမထမ်းမနေရဥပဒေ #မန္တလေးမြို့ #အိမ်ထောင်စုစာရင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10