စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရွာပုလဲရွာအဝင်လမ်းမှာ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲက ပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါအဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီခန့်မှာ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အုတ်ဖိုရွာသား ဦးသန်းဌေး ၅၅ နှစ်ခန့်နဲ့ တရွာတည်းနေ ဦးဝင်းကို ၅၃ နှစ်ခန့်တို့ နှစ်ဦးဟာ ကျောက်ဆည်မြို့ကနေ ဆိုင်ကယ်နဲ့ပြန်လာချိန် သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သူတို့အလာကိုစောင့်ပြီးမှာ ပစ်သွားတာ။ အုပ်ကြီးက ရှေ့ကဆိုင်ကယ်မောင်းတာ။ လိုက်ပစ်ခံရတော့ နောက်က စီးတဲ့သူကိုထိပြီး ကျကျန်ခဲ့တာ။ အုပ်ကြီးက လွတ်သွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ဦးဝင်းကိုမှာ ဦးခေါင်းနောက်စေ့နဲ့ ကျောဘက်တွေကျည်ထိပြီး နေရောမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌဖြစ်သလို ဦးဝင်းကိုကလည်း ကော်မတီဝင်တဦးဖြစ်တယ်လို့ သိရပြီး ကျေးရွာထဲမှာ စစ်ကောင်စီအရှိန်နဲ့ အာဏပြ ခြိမ်းခြောက်တတ်သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။  

သူတို့နှစ်ဦးဟာ ပစ်ခတ်မခံရခင် မနက်ပိုင်းက ကျောက်ဆည်မြို့မှာပြုလုပ်တဲ့ စစ်မှုမထမ်းမနေရဥပဒေ ကြိုဆိုထောက်ခံပွဲကို အခြားကြံခိုင်ရေးပါတီဝင်တွေနဲ့အတူ သွားရောက်အားပေးပြီး အပြန်မှာ ပစ်ခတ်ခံရတာပါ။ 

ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေအတည်ပြုခဲ့တာကို ထောက်ခံတဲ့ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာမြို့တွေမှာ ကြံခိုင်ရေးပါတီဝင်၊ အမျိုးသားရေးသမားဆိုသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေက အင်အားရာချီအသုံးပြုပြီး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ကျောက်ဆည် #စစ်မှုမထမ်းမနေရဥပဒေ #ထောက်ခံပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10