စစ်ယာဉ်တန်းကိုဒရုန်းဗုံးချခဲ့တဲ့နေရာတဝိုက် နယ်မြေရှင်းလင်းရေးလုပ်၊ စစ်သား ၂ လောင်းနဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေရရှိ

စစ်ယာဉ်တန်းကိုဒရုန်းဗုံးချခဲ့တဲ့နေရာတဝိုက် နယ်မြေရှင်းလင်းရေးလုပ်၊ စစ်သား ၂ လောင်းနဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တဲ့ ကန်တော်ကျေးရွာအနီးနေရာတဝိုက်ကို ဇွန် ၁၆ ရက်မနေ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ရိက္ခာစစ်ယာဉ်တန်းကို ဇွန် ၁၃ ရက်က ကန်တော်ကျေးရွာအနီးမှာ ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေချကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းရာမှာ ကံရပ်ကြီးရွာဘုန်းကြီးကျောင်းအတွင်း မြှုပ်နှံထားတဲ့ စစ်ကောင်စီတပ်သားအလောင်း ၂ လောင်းအပါအဝင် ခဲယမ်းပစ္စည်းအများအပြားသိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

“ ကန်တော်နဲ့ ၁ မိုင်ခွဲလောက်ဝေးတဲ့ ကံရပ်ကြီးဘုန်းကြီးကျောင်းရဲ့ခေါင်းရင်းမှာ သေဆုံးတဲ့ စစ်သား အလောင်း ၂ လောင်းကို မြှုပ်ထားခဲ့တာတွေ့ရတယ်။ ဒရုန်းဗုံးချတာမှာ ဗုံးစထိပြီးသေတဲ့ကောင်တွေကို ဝင်မြှုပ်သွားတာလို့သိရတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

နယ်မြေရှင်းလင်းမှုအတွင်း ၉ မမ ကျည် ၂၁၅ တောင့် ၊ ၇.၆၂ မမ G 3 ကျည် ၇၁ တောင့် ၊ ၄၀ မမ ဗုံးသီး ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၃ ခု ၊ ပစ္စတိုကျည်ဘောက် ၁ ခု ၊ လက်ထိပ် ၁ ခုတို့သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ယာဉ်တန်းဟာ ကမ္မမြို့ကို ရောက်ရှိသွားပြီဖြစ်ပြီး ကမ္မမြို့ကနေ မြိုင်မြို့ဘက်ကို ပြန်ထွက်လာနိုင်ဖို့ စစ်ကောင်စီတပ်က လမ်းပိုင်းတွေမှာ ကာကင်း၊ လမ်းကင်းချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မြိုင်ပကဖ #နယ်မြေရှင်းလင်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #သေဆုံးမှု #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10