စစ်ရိက္ခာကား ၁၂ စီး ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့က‌နေ ကန်နီရွာကို ရိက္ခာပို့ဖို့ထွက်လာတဲ့ စစ်ကောင်စီရိက္ခာတင်ကား ၁၂  စီးအပြင် ခြေလျင်လျှောက်လာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းကို နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက  ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၁၂ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်မြို့နယ် ပကဖဆီက သိရပါတယ်။

စက်တင်ဘာလ ၅ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ပေါက်ပြင်းနဲ့ ကန်နီလမ်းပေါ်မှာ တကြိမ်မိုင်းဆွဲခဲ့ပြီး စက်တင်ဘာလ ၆ ရက် မနက်မှာလည်း ထပ်မံမိုင်းဆွဲခဲ့သလို မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"မိုင်း ၂ ခါဆွဲတာက ၇ ဦးထိတယ်၊ ဒဏ်ရာရတာက ပျူ* စစ်*နဲ့ ရဲ*တွေပါ။ နောက်တနေ့မနက်မှာက မိုင်းဆွဲတာကော မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲချတယ်၊ ၂ ရက်တိုက်ခဲ့တာမှာ ၁၂ ဦးလောက် ဒဏ်ရာရတယ်၊ မြိုင်ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီစစ်ရိက္ခာကား ၁၂ စီးနဲ့ အင်အား ၇၀ ပါ ခြေလျင်စစ်ကြောင်းဟာ ခလရ  ၂၅၇၊ ခလရ ၃၅၈၊ တပ်မ ၁၀၁၊ ၁၅၃ မင်းဘူးဘက်က စစ်သားတွေလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်၊ မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ ၅ ဗိုလ်လင်းမြွေ၊ ပကဖ တပ်ရင်း ၂ တပ်ခွဲ ၂၊ မြိုင်ပကဖ Done တပ်ဖွဲ့  Myaing UAV Fighter နဲ့ ကျေးရွာပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်ကလည်း မြိုင်မြို့အဝင် မန္တလေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ က ကားနဲ့သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #စစ်ရိက္ခာကား #မိုင်းဆွဲဗုံးကြဲခံရ #စစ်သား #ရဲ #ပျူစေားထီး #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10