သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေလို့ ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ PDF ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ (အုတ်ဖိုမြောက်အောက်ပြောက်ကျားတပ်ဖွဲ့) က မတ် ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားနယ်မြေအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေရှိလာပြီး စစ်ဆင်ရေးအရှိန်မြင့်တာတာကြောင့် ယမန်နေ့ကစတင်ကာ မော်တော်ယာဉ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲ/နွားတွေ သွားလာခွင့်ကို တားမြစ်လိုက်တာလို့ ဆိုပါတယ်။
ဖြစ်ပေါ်လာမယ့် နှစ်ဖက်တိုက်ပွဲတွေအကြား ပြည်သူတွေထိခိုက်မှုမရှိစေဖို့နဲ့ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုမအတွင်း သစ်တောသယံဇာတတွေ ခိုးထုတ်နေမှုတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ အခုလို တားမြစ်ချက်ထုတ်ပြန်ထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လိုက်နာပေးကြဖို့ အသိပေးတယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီတပ်က အုတ်ဖိုမြို့နယ်အပြင် ပဲခူးရိုးမအတွင်း ကြို့ပင်ကောက်မြို့နယ်အပိုင် ကျေးရွာတွေဖြစ်တဲ့ သခွတ်ပင်၊ ရုံးချောင်း၊ အေးရွာလေး ၊ ကျောက်ကုန်း ၊ သင်္ခရိုင်စတဲ့ ကျေးရွာတွေနဲ့အနီးတဝိုက်ကို စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပဲခူးအနောက်ခြမ်းတပ်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #ရိုးမ #စစ်ရေးတင်းမာ #ထုတ်ပြန်ချက်
Share Share Share