စစ်ရေးအခြေအနေကြောင့် ဝက်လက်-ရွှေဘိုကားလမ်း ဆက်လက်ပိတ်ထား (ရုပ်/သံ)

ဝက်လက်မြို့နယ်ထဲမှာ စစ်ရေးအခြေအနေတွေကြောင့် ဝက်လက်-ရွှေဘိုကားလမ်းကို တော်လှန်ရေးတပ်တွေက ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်က စပိတ်ထားတာဖြစ်ပြီး ဒီနေ့နဲ့ဆို ၆ ရက်မြောက်လမ်းပိတ်ထားတာလို့ သိရပါတယ်။

စစ်အုပ်စုက ဇန်နဝါရီ ၂၃ ရက်မှာ ရွှေဘိုမြို့ဘက်ကနေ စစ်ကား ၁၃ စီးနဲ့ ဆင်းလာပြီး ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှာ အထိုင်ချထားတဲ့တပ်ဆီကို ရောက်လာတာဖြစ်လို့ ဒီကားတွေပြန်ထွက်ရင် တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ကားလမ်းကိုပိတ်ထားတာလို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

အဲ့ဒီစစ်ကားတွေဟာ လှတောရဲစခန်းနဲ့ ဆားတောင်မြို့ဘက်ကတပ်တွေကို ထောက်ပို့လာတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ မုံရွာ-ရွှေဘိုကားလမ်းမှာ ဝက်လက်မြို့နယ်အဝင် သရက်ကြီးကျေးရွာအနီးကနေ မြောက်ဘက်ကို လမ်းပိတ်လိုက်တာဖြစ်ပြီး ခရီးသွားကားတွေအပါအဝင် ကုန်တင်ကားတွေ ဆီဘောက်ဆာကားတွေပါ လမ်းမှာ ရပ်ထားရတာလို့ သိရပါတယ်။

အလားတူပဲ ဝက်လက်မြို့အဝင်အထွက်အားလုံးကိုလည်း ယာယီပိတ်လိုက်ကြောင်း ကြေညာချက်တချို့ထွက်ပေါ်နေပြီး ဘာအကြောင်းကြောင့် ပိတ်တာလဲဆိုတာနဲ့ ဘယ်အဖွဲ့ကပိတ်ထားလဲဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #ရွှေဘို #ကားလမ်းပိတ်ထား #တိုက်ပွဲဖြစ်လာနိုင် #စစ်ကောင်စီ #PDF #သတင်း #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10