သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက လာမယ့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ တပ်မဟာအသစ်တခု ဖွဲ့စည်းဖို့လုပ်ဆောင်နေပြီး စစ်ရေးအရှိန်အဟုန်လည်း တိုးမြှင့်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက် ညက ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ စစ်ကိုင်းတပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်တော်တွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ကြိုဆိုပြီး စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဟန်ချက်ညီညီ စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDY-PDF ဟာ NUG၊ MOD ရဲ့ တိုက်ရိုက် အမိန့်ပေးကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ဒေသဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။
၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးမှာလည်း မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ စတဲ့ မြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ လုပ်ဆောင်ခဲ့တာပါ။
၂၀၂၄ခုနှစ် တနှစ်တာအတွင်း MDY-PDFနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီ အထိနာတဲ့ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ခဲ့သလို စိုးမိုးနယ်မြေတွေလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLAက အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်လို့ အသိပေး ထုတ်ပြန်ခဲ့ပါသေးတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #တပ်မဟာ #MDYPDF #စစ်ရေးအရှိန်မြှင့်
Share Share Share