သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာတရွာကို ကူညီထောက်ပံ့ရင်း လှည်းသပိတ်ထွက်ခဲ့ကြတယ်လို့ ဘုတလင်မြို့နယ် သပိတ်အင်အားစုဆီက သိရပါတယ်။
“စုပြီးသွားလှူမယ်ဆိုတဲ့ အချိန်မှာ စည်စည်ကားကားလေးလည်း ဖြစ်သွားအောင်ပေါ့။ သပိတ်လုပ်ရင်းနဲ့ လှည်းတွေပါမယ်၊ ထော်လာဂျီတွေ လိုက်နိုင်ရင် ပါသလောက်ငှားပြီး လုပ်ဖြစ်ခဲ့တာ။ သွားပြီးတော့လှူရင်းနဲ့ သပိတ်လည်းလုပ်ရင်းနဲ့ပေါ့။”လို့ သပိတ်အဖွဲ့ဝင်တဦး က ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့မနက်ပိုင်းမှာ အဆိုပါကျေးရွာမှာရှိတဲ့ အိမ်ထောင်စုတိုင်းကို အနွေးထည်၊ စောင်၊ ခေါင်းအုံး၊ အဝတ်အစားတွေ လူတိုင်းစေ့ ဝေငှခဲ့သလို ၁ အိမ်ထောင်ကို ဆန် ၁ တင်း၊ ဆီ ၁ ပိဿာနဲ့ စားသောက်ကုန်တချို့လည်း လှူတန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ဘုတလင်မြို့နယ် သပိတ်အင်အားစုက ဦးဆောင်ပြီး ဒေသခံတွေ၊ အလှူရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ရှောင် #ကူညီထောက်ပံ့ #လှည်းသပိတ် #ဘုတလင်
Share Share Share