သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေကို အသက်မွေး ဝမ်းကျောင်းပြုဖို့နဲ့ စားဝတ်နေရေးအဆင်ပြေစေဖို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က အခြေခံ အပ်ချုပ်နည်းသင်တန်း ပေးနေတာပါ။
ကောလင်းမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကို နိုဝင်ဘာ ၁၂ ရက်ကနေ ၁၃ ရက်အထိ စစ်ဘေးရှောင် ၁၃၀ ကျော်ကို အပ်ချုပ်ပညာကို သင်ပေးခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။
ဒီသင်တန်းမှာ အပ်ချုပ်၊ ပန်းထိုး ပညာတွေကို အဓိကသင်ပေးမှာဖြစ်ပြီး အခြေခံ စက်ချုပ်၊ စက်နင်းပညာ၊ ပုဇင်းခေါင်းသီးထိုးတဲ့ ပညာနဲ့ အင်္ကျီမှာ အလှကပ်တဲ့ ကပ်ပန်းပညာတွေကို သင်ပေးခဲ့တာ ဖြစ်ပါတယ်။
သင်တန်းပြီးတဲ့အခါမှာလည်း ဒီပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်မယ့်သူတွေကို အရင်းအနှီးမတည်ကာ ဈေးကွက်ထဲမှာလည်း ရောင်းချဖို့လမ်းကြောင်းတွေ ဖော်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုသင်ကြားပေးခြင်းဟာ စစ်ရှောင်အမျိုးသမီးတွေအတွက် အသုံးဝင်ပြီး စက်ချုပ်ပညာ တတ်မြောက်သွားမယ်ဆိုရင် မိသားစုအတွက်လည်း တဖက်တလမ်းကနေ ဝင်ငွေရရှိနိုင်တယ်လို့ ပညာသင်နေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က တပတ်အကြာ ခြင်းရက်နည်း သင်တန်း ပေးခဲ့ပါသေးတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ကောလင်း #စစ်ရှောင် #စက်ချုပ် #ပန်းထိုး #ပညာသင်ပေး
Share Share Share