စစ်ရှောင်နေရတဲ့ကြားထဲက လူထုသပိတ်စစ်ကြောင်းထွက် (Photo News)

စစ်ရှောင်နေရတဲ့ကြားထဲက လူထုသပိတ်စစ်ကြောင်းထွက် (Photo News)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်ဘေးရှောင်နေရတဲ့ကြားထဲက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ဦးဆောင်ပြီး သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ အဖွဲ့ဝင်တဦးဆီက သိရပါတယ်။



ဇွန်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းက လူထုသပိတ်ရဲ့ ၈၁၅ ရက်မြောက်နေ့အဖြစ် ‌“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ စာသားပါ ဘန်နာကိုင်ဆွဲပြီး  ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။



ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်နေရတဲ့အပြင် မုန်တိုင်းကာလ ပြန်လည်ထူထောင်ရေးတွေလုပ်နေရတဲ့အတွက် လူထုပါဝင်မှုနှုန်းနည်းနေပေမယ့် နေ့စဉ်မပျက် သပိတ်စစ်ကြောင်းထွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။




#မြေလတ်အသံ 

#စစ်ကိုင်း #ယင်းမာပင် #လူထုသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10