စစ်ရှောင်ပြည်သူ ၁၅၀ ကို ကျပ် ၁၀ သိန်းဖိုး ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ဦးကို ဇွန် ၂၄ ရက်မှာ ကျပ် ၁၀ သိန်းဖိုး ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေမှာ လူကြီးရောဂါ၊ သွေးတိုး၊ ဆီးချို၊ သွေးပေါင်ကျ၊ ကလေးသူငယ်ဖျားနာတာတွေ  အဖြစ်များတဲ့အပြင် အရေပြားရောဂါ ယားနာတွေလည်းဖြစ်နေကြပြီး ရွာတရွာမှာ ပြည်သူ ၁၀၀ ရှိရင် ပြည်သူ ၂၀ ကိုသာကုသပေးနိုင်တဲ့အတွက် ဆေးဝါးတွေထပ်ဝယ်ဖို့ အလှူရှင်ရှာနေရတယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်တွေထဲက ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေးငယ်တွေကို CDM ကျန်းမာရေး ဆရာ၊ ဆရာမတွေက ကုသပေးကာ ကျွန်းဦးတောကျေးရွာ အနီးဝန်းကျင်ရွာတွေက ပြည်သူတွေ လာရောက်ဆေးကုသကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဝက်လက် #စစ်ဘေးရှောင်ပြည်သူ #ဆေးကုသ #ရွှေဘိုမြို့နယ် #လွတ်လပ်သောထောက်ပို့ရေးအဖွဲ့  

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10