စစ်လက်နက်ပစ္စည်းစက်ရုံကို မီးပေးနေတဲ့ ဓါတ်အားစက်ရုံနဲ့ကင်းပုန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်လက်နက်ပစ္စည်းစက်ရုံကို မီးပေးနေတဲ့ ဓါတ်အားစက်ရုံနဲ့ကင်းပုန်းတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ စစ်လက်နက်ပစ္စည်းစက်ရုံကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေတဲ့ ချောင်းကူးပင်မဓါတ်အားခွဲ လျှပ်စစ်စက်ရုံနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။

စစ်လက်နက်ပစ္စည်းစက်ရုံကို လျှပ်စစ်ဓါတ်အားဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ ဧပြီ ၃ ရက် ညနေ ၅ နာရီကနေ ညနက်အထိ ချောင်းကူးပင်မဓါတ်အားခွဲ လျှပ်စစ်စက်ရုံနဲ့  ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို ဒရုန်း ၄ စီးနဲ့ 3 kg ၆ လုံး၊ 1.8 kg ၂ လုံး ၊ 800 g ၆ လုံး ၊ 500 g ၂၄ လုံး ကြဲချပြီး Rocket ကျည်ဖူး ၁၅ ဖူးနဲ့ပစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ချောင်းကူးရွာဝန်းကျင်က အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရကာ နွား ၂ ကောင်သေခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ အချက်အလက်အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲသာဖြစ်ပြီး လက်ရှိမှာ မသိရသေးဘူးလို့ ဗိုလ်ဘလိတ်ကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Joker ပြောက်ကျားတပ်ဖွဲ့ ၊ မြိုင်ပကဖနဲ့ ပေါက်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပေါက် #ကပစ၂၄ #ကင်ပုန်းဝပ် #ဒရုန်းဗုံးကြဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10