စစ်သားတွေ ထမင်းစားချိန် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းရွာအနားက မိုင်းကွင်းအလယ်ကောင်မှာ ထမင်းထိုင်စားနေတဲ့ စစ်ကောင်စီစစ်သားတွေ မိုင်းဆွဲခံလိုက်ရလို့ ၃ ဦးသေဆုံးခဲ့တယ်လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုတပ်ဖွဲ့ ဆီက သိရပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်သားတွေဟာ မြို့သစ်မြို့နယ်က ကပစ စစ်သားတွေနဲ့ ရွာမွန်ရွာက စစ်သားတွေဖြစ်ပြီး စစ်ကြောင်း ၂ ကြောင်းပေါင်းကာ အင်အား ၄၀ ခန့်နဲ့ ကျောက်ဆည်ကုန်းရွာကနေ မြို့သစ်-နတ်မောက်လမ်းအတိုင်း ရွာမွန်ဘက်ကို ထွက်ခွါလာချိန် မေ ၂၉ ရက် ညနေ ၃ နာရီခန့်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

၄၀ မမ နှစ်လုံးနဲ့ ပစ်ခတ်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ဗိုလ်ကြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ တပ်သား ၃ ဦးသေဆုံးခဲ့တာလို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု  ပြန်ကြားရေးတာဝန်ခံ ကိုပုညက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေဘက်က စစ်အုပ်စုကို လက်နက်ချ ပြည်သူနဲ့ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့ကြပေမယ့် စစ်အုပ်စုဘက်က လက်မခံဘဲ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု၊ တပ်ရင်း ၉၀၃ တပ်ခွဲ ၃ တိုက်ဒေါင်းတပ်ဖွဲ့ ၊ Aung San's Land Natmauk၊ နတ်မောက်ပကဖ၊ မြို့သစ်ပကဖ၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ကြိုးကြာနီ၊ ကျားသစ်နက်၊ တပ်ရင်း တပ်ခွဲ ၁၊ ဂဠုန် PDF နတ်မောက် ၉၀၂ တပ်ရင်းနဲ့ နတ်မောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ရက်နဲ့ ၁၆ ရက်ကလည်း ပျော်ဘွယ်မြို့နယ် ပကဖ ပူးပေါင်းစခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစု တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂၂ ဦးသေပြီး ၈ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နတ်မောက် #စစ်အုပ်စု #PDF #မိုင်းဆွဲတိုက်ခိုက်  #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10