စစ်သားတွေ တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

စစ်သားတွေ တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၇ ရက်  မနေ့ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

စစ်သားအင်အား ၅၀ နီးပါးနဲ့ တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်းကို ရဲစခန်းအနီး ပေ ၂၅၀၀ ခန့်အကွာကနေ ၆၀ မမ၊ ၈၀ မမ လက်လုပ်လက်နက်ကြီးတွေနဲ့ မနေ့ ည ၈ နာရီကနေ ၁၂ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ကျနော့်တို့ပစ်လိုက်တာမှာ သူတို့စခန်းပေါ် တည့်တည့်ကျတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ၄ လုံးလောက်ပြန်ပစ်တယ်။ နောက်ပိုင်းကျတော့ သူတို့ဘက်က ပြန်ပစ်တာမရှိဘူး။ ထိခိုက်သေဆုံးမှုတော့ အတိအကျတော့မရသေးဘူး။ စုံစမ်းနေဆဲပါ။" လို့ Bo Tiger - ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

ရှိမ်းမကားရဲစခန်းကို တိုက်ခိုက်ခဲ့တာဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိုတိုက်ခိုက်မှုကို Bo Tiger - ဗိုလ်ကျားကြီး ၊ ဂဠုန်အဖွဲ့ ၊ လျှပ်စီး၊ ကျားသစ်နက်နဲ့ တိုက်နယ်အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရဲစခန်း #လက်နက်ကြီး #ပစ်ခတ်ခံရ #ရှိမ်းမကား #သတင်း #ဗိုလ်ကျားကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10