စစ်သားနဲ့ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၇ ဦးခန့်သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာက အင်အား ၄၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇီးဖြူကုန်းရွာတနေရာမှာ ဖေဖော်ဝါရီလ ၆ ရက်မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကြောင်း တပ်တွင်းသတင်းပေးအရ သိရတယ်လို့ ရွှေဘို LPDF တာဝန်ခံက ဗိုလ်ကျားရိုင်က ပြောပါတယ်။

စစ်ကောင်စီဘက်က RPG ၁ ချက်ပစ်ပြီး ၆၀ မမ ၄ ချက် ပြန်ပစ်ခတ်လို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့၊ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF ) အဖွဲ့၊ ဗိုလ်ဂျပန်(T.T.T)-SHWEBO( LPDF)အဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ အဖွဲ့တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - CM

# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10