စစ်သားနဲ့ ပျူတွေတပ်စွဲထားတဲ့ ဇီးတောရွာ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို ဩဂုတ် ၁ ရက် မနေ့က မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။

ဇီးတောရွာမှာ စစ်သားနဲ့ ပျူစောထီးအင်အား ၂၅ ဦးဝန်းကျင်လောက် တပ်စွဲထားတဲ့နေရာကို ညနေ ၅ နာရီလောက်က ကာကွယ်ရေးဒရုန်းအဖွဲ့တွေက မောင်းသူမဲ့လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ဆေးရေးဂိတ် သိမ်းတဲ့အချိန် ညနေ ၅ နာရီလောက်မှာ ကျနော်တို့က မောင်းသူမဲ့ လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၄ လုံးချခဲ့တာ။ သူတို့ဘက်က ၆၀ မမနဲ့ ၂ လုံးပြန်ပစ်တဲ့အပြင် လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ မထိခဲ့ပါဘူး။မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ပါဘူး" လို့ ရေစကြိုမြို့နယ်ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က သေဆုံထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ သတင်းရယူဖို့ အခက်အခဲရှိတာကြောင့် သေဆုံးဦးရေ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဇီးတောရွာမှာ စစ်သား ၆ ဦး၊ ပျူစောထီး ၂၀ လောက်ရှိပြီး မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲချခံရပြီးနောက် ဇီးတောရွာ ပတ်ချာလည်မှာ ကင်းတွေချထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့၊ ရေစကြိုမြို့နယ်ပကဖ၊ Salingyi Special Task Force - SSTF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 4 နဲ့ Team 3 PDAF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#သတင်း #ရုပ်သံ #ရေစကြို #ဇီးတောရွာ # တိုက်ခိုက်ခံရ #မောင်းသူမဲ့လေယာဉ် #စစ်သား #ရဲ #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10