သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာမှာ စစ်သားနဲ့ပျူစောထီးတွေ တပ်စွဲထားတဲ့ကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ MG6 ပြောက်ကျားတပ် မြင်းခြံခရိုင် တပ်ရင်း ၅ အဖွဲ့ဆီက သိရပါတယ်။
အင်အား ၇၀ နီးပါးနဲ့တပ်စွဲထားတဲ့ မင်းရွာက စစ်ကောင်စီစခန်းကို ဇူလိုင် ၃၁ ရက် မနေ့ မနက် ၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့က သူတို့ကင်းစခန်းကို ပြောက်ကျားနည်းနဲ့ ဗျူဟာဆွဲပြီးကပ်တယ်၊ ကျနော်တို့ အခုလိုဝင်တိုက်တာ သတင်းလည်းမပေါက်တဲ့အတွက် အခွင့်အရေးလည်းရသွားတာပေါ့၊ လက်ဦးမှုလည်း ရသွားတယ်” လို့ MG6ပြောက်ကျားတပ် မြင်းခြံခရိုင်တပ်ရင်း ၅၊ တပ်စိတ် ၂၇၊ တပ်စိတ်မှူး အောင်မြတ်က ပြောပါတယ်။
စစ်စခန်းဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြာချိန် ၄၅ မိနစ်လောက် ရှိခဲ့တယ်လို့ သိရပါတယ်။
“သူတို့ဘက်က အထိအခိုက်များသွားတော့ သူတို့အထိုင်ကလည်း လက်နက်ကြီးနဲ့ထုတယ်၊ ၄၀ မမနဲ့ထုတယ်၊ စက်သေနတ်နဲ့ ၃ နေရာကနေ ကျနော်တို့ကိုပစ်တယ်၊ နောက်ပိုင်းမှာ သူတို့ဘက်က ပစ်ဆုတ် ဆုတ်သွားတယ်” လို့ တိုက်ပွဲတွင်း ကြုခဲ့ရတဲ့အခြေအနေတွေကို တပ်စိတ်မှူး အောင်မြတ်က ပြောပြပါတယ်။
မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေအနေနဲ့ စစ်ကောင်စီစခန်းအနီးကို ရောက်ခဲ့ပြီး ကျည်အင်အား မလုံလောက်တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ် မြင်းခြံခရိုင်တပ်ရင်း ၅ က ချောင်းမြောင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညောင်ဦးခရိုင်တပ်ရင်း ၅ က လက်နက်ကြီးနဲ့ကူပစ်ပေးခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ပျူစောထီး ၆ ဦးသေဆုံးပြီး MG6 ပြောက်ကျားတပ်ဖွဲ့ဝင် ၁ ဦးလည်း ဝမ်းဗိုက်ကို လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်တွေဟာ မန္တလေးဘက်ကလို့သိရပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။
ပုံစာ - MG6 ပြောက်ကျားတပ် အဖွဲ့။
စာတည်း - လင်း
#မြေလတ်အသံ
#သတင်း #မကွေး #ရေစကြို #မင်းရွာ #စစ်ကောင်စီ #ပျူ #PDF #ထိတွေ့မှု
Share Share Share