စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ စုဝေးနေတဲ့နေရာ Drone နဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာက စစ်သား၊ရဲနဲ့ ပျူစောထီးတွေ စုဝေးနေတဲ့ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင် ပြောက်ကျားတပ် အဖွဲ့ဆီက သိရပါတယ်။

အင်အား ၈၀ လောက်နဲ့ စုဝေးနေတဲ့နေရာကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ၁၁ နာရီမှာ ဗုံးသီး ၁၀ လုံး ၁ ကြိမ် ၊ ညနေပိုင်း ၃ နာရီမှာ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ရဲဘော်ညီနောင် ပြောက်ကျားတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီး က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေကာ ၉ ဦးဒဏ်ရာရတယ်လို့ ဆိုထားပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

တိုက်ခိုက်အပြီးမှာ စစ်ကောင်စီဘက်က မင်းရွာအတွင်းမှာပဲ ဆက်လက်တပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။

မင်းရွာ ပျူစောထီးစခန်းမှာ မြင်းခြံဘက်က စစ်သား ၃၀ ဦး၊ ရဲ ၂၀ ဦးနဲ့ ပျူစောထီး ၃၀ ဦးလောက်က တပ်စွဲထားတာ ၂ နှစ်ခန့်ရှိပြီလို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရဲဘော်ညီနောင် ပြောက်ကျားတပ်၊ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ NY Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်တပ် #ဒရုန်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10