စစ်အင်အားရာချီပါတဲ့ YDF ၂ နှစ်ပြည့် အခမ်းအနားကို လက်နက်အပြည့်အစုံနဲ့ ကျင်းပ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေစိုက်အဖွဲ့တခုဖြစ်တဲ့ ယောကာကွယ်ရေးတပ် - YDF တပ်ဖွဲ့ တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ယောကာကွယ်ရေးတပ် ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။

မေလ ၁၂ ရက် မနက် ၉ နာရီမှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်ကြောင်း ၅ ကြောင်း၊ စစ်သည်အင်အားရာချီနဲ့ စစ်ရေးပြခဲ့ကာ မဟာမိတ်အဖွဲ့တချို့က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


"တပ်ဖွဲ့တွေက မိသားစုဆန်ဆန်သွားလို့ မရဘူးဗျ။ စနစ်ကျပြီး စည်းကမ်းရှိတဲ့ အဖွဲ့စည်းအသွင်ကို ပြောင်းလာမှ ထိခိုက်တာတွေ နည်းမှာပါ။ အဲ့ဒါကြောင့် အပြောင်းအလဲတွေကို ဖြည်းဖြည်းချင်း ပြုလုပ်ပြီး လက်ရှိ စနစ်ကျတဲ့အဖွဲ့စည်းအသွင် ပြောင်းလာတာပါ" လို့ YDF ဦးဆောင်သူ ကိုမြတ်သူက ပြောပါတယ်။

အဲ့ဒီ ၂ နှစ်ပြည့်အခမ်းအနားကို BPLA၊ CDF Kanpetlet၊ PIO/PIA၊ ကျောင်းသားလက်ရုံးတပ်တော်၊ ပခုက္ကူခရိုင်တပ်ရင်း ၁၁ စတဲ့ အဖွဲ့အစည်းတွေကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10