သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်အာဏာသိမ်းလိုက်တဲ့ ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဒေသခံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေပူးပေါင်းပြီး စစ်သုံးစစ်တိုက်ဖျက်ရေး လူထုလှူပ်ရှားမှု ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ Wetlet Township Student's Union - ABFSUက ထုတ်ပြန် ပါတယ်။
အဲဒီဆန္ဒပြပွဲကို ဝက်လက်မြို့နယ်ထဲကကျေးရွာတရွာမှာ မနက် ၉ နာရီကနေ ၁၁ နာရီအထိ စုစုပေါင်းအင်အား ၂၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
"ပြည်သူလူထုအနေနဲ့ လက်ရှိတော်လှန်ရေး ၄ နှစ်ကျော်ကာလတွင်မကဘူး။ ဒီတော်လှန်ရေးရဲ့ အဆုံးသတ်နိုင်တဲ့အထိ ကျောင်းသား၊ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်"လို့ Wetlet Township Student's Union – ABFSU ဥက္ကဌ ကိုဟန်မင်းစိုးက ပြောပါတယ်။
စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုချီတက်ဆန္ဒပြပွဲအပြင် ဆန္ဒပြသပိတ်မှောက် ရာမှာပါဝင်သူတွေကို တော်လှန်သွေးနိုးကြားတတ်ကြွစေမယ့် နိုင်ငံရေးဟောပြောဆွေးနွေးမှုတွေကို ဒေသစည်းရုံးရေးတပ်ဖွဲ့ဝင်တွေကဦးဆောင်ကာ ဟောပြောဆွေးနွေးခဲ့ကြတယ်လို့ သူကဆိုပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ဝက်လက် #အာဏာသိမ်း #၄နှစ်ပြည့် #သပိတ်
Share Share Share