စစ်အာဏာသိမ်း ရက် ၁၀၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း တနေရာမှာ နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့က အာဏာသိမ်း ရက် ၁၀၀၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက် ည ၇ နာရီကျော်ခန့်မှာ နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့ရဲ့ စခန်းမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားရှင်ကို တိုင်တည်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး ပြုတ်ကျရေးနဲ့ နိုင်ငံနဲ့အနှံ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ကျဆုံးရဲဘော်တွေအတွက် ဆုတောင်းဆီမီးထွန်းပွဲလေးလုပ်ခဲ့တာပါ"လို့ နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့အနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ခန့်ကစပြီး ရရာလက်နက်စွဲကိုင်တော်လှန်ခဲ့ပြီး စစ်အာဏာသိမ်း ၃ နှစ်ဝန်းကျင်ကာလအတွင်း တိုက်ပွဲနဲ့ မိုင်းမစ်ရှင် ၅၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၃ နှစ်ဝန်းကျင်ကာလအထိ ရောက်လာပေမယ့် စစ်အာဏာရှင်စနစ်ကို အမြတ်မဖြတ်နိုင်သေးတာကြောင့် လာမယ့်လတွေမှာ NUG အနေနဲ့ မြေပြင်အဖွဲ့တွေကို သေချာစုစည်းပြီး တိုက်ပွဲတွေ အမြန်ဖော်ဆောင်ပေးဖို့နဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပေးဖို့လိုတယ်လို့ ပြောပါတယ်။

တော်လှန်ရေးအမြန်ပြီးဆုံးဖို့ PDF၊ LPDF နဲ့ စစ်အာဏာရှင်တော်လှန်နေတဲ့အဖွဲ့အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရက်၁၀၀ပြည့် #ဆီးမီးသပိတ် #ရွှေဘိုသတင်း #သတင်း #နယ်စည်းမခြားရွှေဘိုသား #တော်လှန်ရေး #မြေလတ်သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10