စစ်အုပ်စုက ရေကြောင်းမှာပါ ကျောက်ချတပ်စွဲထားလို့ တံငါသည်တွေ ဒုက္ခရောက်နေ

စစ်အုပ်စုက ရေကြောင်းမှာပါ ကျောက်ချတပ်စွဲထားလို့ တံငါသည်တွေ ဒုက္ခရောက်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နေရင်းရွာအနီးက ဧရာဝတီမြစ်ကြောင်းမှာ စစ်ကောင်စီတပ်တွေက သင်္ဘော ၂ စီးနဲ့ ကျောက်ချတပ်စွဲထားလို့ တံငါလုပ်ငန်း လုပ်ကိုင်တဲ့ပြည်သူတွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကတည်းက အင်အား ၇၀ ဝန်းကျင်နဲ့ နေရာယူထားတာဖြစ်ပြီး၊ တံငါသည်တွေကလည်း သူတို့နဲ့နီးတဲ့နေရာကိုသွားပြီး ငါးရှာဖွေရမှာကြောက်တဲ့အတွက် တံငါလုပ်ငန်းကိုစွန့်ကာ တခြားအလုပ်တွေကို လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။


“ကိုယ် ပိုက်ချချင်တဲ့နေရာနဲ့ သူတို့နေရာနဲ့က ကိုက်ညီနေတာဆိုတော့ သူတို့နဲ့ဝေးရာကို သွားလုပ်ရတော့ ငါးကလည်း အဆင်မပြေဘူးလေ။ အခုတော့ ကုန်းပေါ်မှာ ပဲရိတ်တာမျိုး၊ နေ့စားလိုက်လုပ်တာမျိုး၊ တောင်သူနောက်လိုက် လုပ်စားနေရတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စတင်တပ်စွဲချိန်ကတည်းက သင်္ဘောပေါ်က ဆင်းတာ၊ ကမ်းကပ်တာမျိုး လုံးဝမတွေ့ရဘဲ ရိက္ခာအတွက်ကတော့ မြစ်ကြောင်းအောက်ဖက်ကနေ သင်္ဘောနဲ့ဆန်တက်ပြီး လာပို့ပေးတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောက်ချသင်္ဘောတွေဟာ မြင်းခြံဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး၊ မတ်လ ပထမပတ်တုန်းကလည်း မင်းရွာကို စစ်ကြောင်းဝင်ချိန်မှာ မီးကျည်နဲ့ ကူညီပစ်ခတ်ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10