စစ်အုပ်စုစခန်းကို ဝင်တိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF တဦးသေဆုံး

စစ်အုပ်စုစခန်းကို ဝင်တိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF တဦးသေဆုံး

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ တပ်ရင်း ၂ မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေကို ဇွန်လ ၁၁ ရက်မနေ့မနက် ၃ နာရီလောက်က ဝင်တိုက်နေချိန်မှာ အသက် ၂၃ နှစ်အရွယ် ရဲဘော် ဇော်လင်းမောင် (ခ) ဟာရာ ရဲ့ ဝမ်းဗိုက်နဲ့ နံကြားကို ကျည်ထိမှန်သေဆုံးခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက အတည်ပြုပြောပါတယ်။

“ကျနော်တို့ ဝင်စီးသိမ်းပိုက်တဲ့အချိန်က မနက် ၃ နာရီ ၁၅ မိနစ်မှာ ဝင်တိုက်တာ၊ **အထိအခိုက် အသေအဆုံး အခြေအနေတော့ မသိရသေးဘူး၊ မြိုင်မြို့နယ် တပ်ရင်း ၂ က ရဲဘော်တဦးတော့ သေတယ်၊ စခန်းဝင်သိမ်းတိုက်ခိုက်တာမှာ သူတို့ဘက်က သတင်းကြိုရသွားလို့ စခန်းကိုမသိမ်းနိုင်ခဲ့ဘူး” လို့ ပြောပါတယ်။ 

အလောင်းကိုတော့ မနေ့က နေ့လယ်ပိုင်းမှာတင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်၊ မြိုင် ( ပကဖ) တပ်ရင်း (၂) တပ်ခွဲ (၁)၊ Earthquake Peoples Defence Force၊ Middle Revolution Task Force-MRTF၊ King Cobra၊ Royal Defense Force၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ - မြိုင်၊ PKU N PDF နဲ့ ပခုက္ကူ ခရိုင်းတပ်ရင်း(၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ မင်းဘူး အခြေစိုက် ခလရ ၂၅၃ ကလို့ သိရပြီး၊ လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲထားဆဲဖြစ်ပြီး အင်အား ထပ်မံတိုးချဲ့ထားတယ်လို့လည်း သိရပါတယ်။

 

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #အရှေ့ဘုန်းကန်ကျေးရွာ #စစ်ကောင်စီ #PDFရဲဘော် #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10