စစ်အုပ်စု တပ်စွဲထားတဲ့ နေရာ ၂ ခု တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်နဲ့ မီးသတ်ရုံးကို မေ ၁၇ ရက် ညနေ ၅ နာရီကနေ ၆ နာရီကျော်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်အုပ်စု တပ်စွဲထားတဲ့ မီးသတ်ရုံးမှာ အင်အား ၁၅ ဦးဝန်းကျင်၊ အောင်ဇော်မိုးစစ်ဆေးရေးဂိတ်မှာ အင်အားက ၁၀ ဦးခန့် ရှိကာ အဲဒီဂိတ်က စစ်သားတွေဟာ မကြာသေးမီကပဲ လာရောက်တပ်စွဲနေတာလို့ ဆိုပါတယ်။

"ဒေသအခေါ်က အောင်ဇော်မိုးဂိတ်လို့ ခေါ်တယ်။ သူက ထိုင်ထားတာမကြာသေးဘူး၊ ကိုးဆောင်ဂိတ်က ဆုတ်ခွာပြီး အသစ်လာထိုင်တဲ့ စစ်သားတွေပါ" လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ကျားပေါက်က ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က  ၃ ဦးသေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၁ ဦးကျည်ထိမှန်ပြီး ဒဏ်ရာရရှိလို့  ပြန်ဆုတ်ခွာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ကျားပေါက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ကျားသစ်နက်တပ်မတော် Black Leopard Army၊ ဗိုလ်မိုက်ခဲပြည့်သူကာကွယ်ရေးတပ်ဖွဲ့၊ GOE ပြောက်ကျားတပ်ဖွဲ့ ၊ လရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်ထိရှ ပြည်သူ့ကာကွယ်တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း တပ်ခွဲ ၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #အောင်ဇော်မိုးဂိတ် #မီးသတ်ရုံး #တိုက်ခိုက် #စစ်သား #ထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10