စစ်အုပ်စုတပ်စွဲထားတဲ့ ထန်းတောမကျေးရွာ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် စစ်ကောင်စီတပ်စွဲထားတဲ့ ထန်းတောမကျေးရွာကို မေလ ၁၇ ရက် နေ့လည်မှာ ၁ နာရီအကြာ မြေပြင်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ဆီက သိရပါတယ်။

ထန်းတောမကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၄၀ ဦးဝန်းကျင်ပါ စစ်ကြောင်းကို မြင်းခြံခရိုင်တပ်ပေါင်းစုတွေ ပေါင်းပြီး မြေပြင်နဲ့ ဝေဟင်ကပါ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေကာ ၃ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ မြင်းခြံမြို့နယ် ပကဖ ၊ နွားထိုးကြိးမြို့နယ် ပကဖ ၊ တောင်သာမြို့နယ် ပကဖ ၊ မလှိုင်မြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်မှုအပြီး စစ်အုပ်စုက ထန်းတောမကျေးရွာအနီးက ရွာကို မီးရှို့သွားခဲ့ပြီး ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နွားထိုးကြီး #ထန်းတောမကျေးရွာ #စစ်အုပ်စု #တပ်စွဲ #တိုက်ခိုက်ခံရ #ဒရုန်း' #ထိခိုက် #စစ်သား #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10