စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိလို့ PDF ၁ ဦးနဲ့ အရပ်သား ၁ ဦး ထိခိုက်

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိလို့ PDF ၁ ဦးနဲ့ အရပ်သား ၁ ဦး ထိခိုက်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ကင်းလှည့်နေတဲ့ PDF ရဲဘော်တွေနဲ့ ဒေသခံအချို့ ထိခိုက်သွားတယ်လို့ ပုဝါနီစစ်ကြောင်းဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီခန့်မှာ ပုဝါနီစစ်ကြောင်း လှည့်ကင်းပြောက်ကျားပွိုင့်ဟာ နယ်မြေကင်းလှည့်ထွက်နေချိန် သစ်ချဆိပ်ကျေးရွာအရောက် ရေတာရှည်မြို့ ၆၀၄ ဒုံးတပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ကျနော်တို့ဘက်က ရဲဘော်တွေလည်း ရွာထဲရောက်ချိန် စကစ ဘက်ကပစ်တဲ့ လက်နက်ကြီးလည်း အကျဆိုတော့ ရဲဘော်တွေကော ဒေသခံတွေပါ ထိခိုက်သွားတာ"လို့ ပုဝါနီစစ်ကြောင်း တာဝန်ရှိသူကပြောပါတယ်။

ပုံစာ - လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည့် အဆောက်အဦအချို့။
ပုံစာ - လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည့် အဆောက်အဦအချို့။

လက်နက်ကြီးကျည်ထိလို့ ပဝါနီစစ်ကြောင်းမှ ရဲဘော် ၁ ဦး၊ ဒေသခံ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးတို့ မစိုးရိမ်ရဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၂ လုံးလည်း လက်နက်ကြီးအစမှန်ပြီး ပျက်စီးမှုရှိခဲ့ပါတယ်။

နို၀င်ဘာ ၂၈ ရက်ကလည်း ဆွာမကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ  အထိုင်ချထားတဲ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့ရာ အိုးမြေတူးကျေးရွာနဲ့ သကြားဟင်းအိုးကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် အဆောက်အဦအချို့ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #လက်နက်ကြီးထိ #PDF #ဒေသခံ #ထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10