စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်က ကြံ့ခိုင်ရေးထောက်ခံသူ နေအိမ်တွေကို ထိမှန်ပျက်စီး

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်က ကြံ့ခိုင်ရေးထောက်ခံသူ နေအိမ်တွေကို ထိမှန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်း အုတ်ဖြတ်ကျေးရွာမှာ တပ်ချနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့လာပစ်တဲ့အတွက် ကျောက်ကြီးမြို့နယ်၊ ဒိုးတန်းကျေးရွာက နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သြဂုတ်လ ၂၀ ရက်မနေ့ကမနက် ၁၁ နာရီလောက်က လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ရာမှာ ထိမှန်ပျက်စီးခဲ့တာဖြစ်ပြီး ထိမှန်တဲ့အိမ်တွေကလည်း ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ အိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ 

"လာပစ်တာက စကစ အဖွဲ့က ၃ ဦးလောက်ဘဲ လက်နက်ကြီးထမ်းလာပြီး ဒိုးတန်းဘက်ကို ပစ်ခဲ့တာ။ စစ်တောင်းမြစ် ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို လှမ်းပစ်တာ။ တပ်ထောက်ခံသူ ကြံ့ဖွတ်အိမ်ထိတော့ ဆဲတာ မိုးမွှန်နေတာဘဲလို့ ပြန်သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒိုးတန်းကျေးရွာနေ ကြံခိုင်ရေးပါတီထောက်ခံသူတွေဖြစ်တဲ့ ကိုဇော်ကြီးနဲ့ ကိုမောင်မြင့် တို့ နေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ခုလိုပေါက်ကွဲလို့ နေအိမ်နဲ့ နွားတင်းကုတ်အချို့ ပျက်စီးခဲ့ပြီး လူတွေတော့ ထိခိုက်တာမရှိခဲ့ဘူးလို့ ပြောပါတယ်။ 

ဩဂုတ်လ ၂ ရက်မှာလည်း ကျောက်ကြီးမြို့နယ်၊ မြွေတွင်းရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်နက်ကြီးပစ် #စစ်ကောင်စီ #နေအိမ်ထိမှန် #ကြံ့ခိုင်ရေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10