သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကြိုးကြီးကျေးရွာထဲကို စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ပြည်သူ ၄ ဦးဒဏ်ရာရခဲ့ကာ နေအိမ် ၅ လုံးလည်း ပျက်စီးသွားတယ်လို့ KNU ဗဟိုက ဩဂုတ် ၂၇ ရက်မနေ့က ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၂၇ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ကြိုးကြီးကျေးရွာဘက်ကို ၁၂၀ မမ ၃ လုံးပစ်ခတ်ခဲ့ရာ ၁ လုံးက ကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
"ပိန်းဇလုပ်တပ်က လက်နက်ကြီးက နေ့တိုင်းနီးပါးပစ်နေတာ။ တနေ့ကို သုံးလေးလုံးပဲ။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို ပစ်မှတ်ထားပစ်နေတာ။ အဲ့ဒီနေ့ကလည်း သူတို့ဘက်က ပစ်တာ၊ ရွာထဲကျလို့ ထိကြတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပြပါတယ်။
လက်နက်ကြီးထိမှန်လို့ ကြိုးကြီးရွာက မခင်ဝင်း ၄၀ နှစ်၊ ကိုကျော်သူအောင် ၂၅ နှစ်၊ ကိုထွန်းပြည့်ကျော် ၂၅ နှစ်နဲ့ စောဟဲပီးဝါး ၃၀ နှစ်ခန့်တို့ ကျည်စမှန် ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
အလားတူ နေအိမ် ၅ လုံးနဲ့ ထင်းရုံ ၁ ရုံ ပျက်စီးခဲ့ပြီး နွား ၁ ကောင်လည်း ဒဏ်ရာရခဲ့တယ်လို့ အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
ဩဂုတ် ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာလည်း ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲက သဲသောမူသဲသောခွားကျေးရွာကို စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေပြီး KNLA ပူးပေါင်းအဖွဲ့ဝင် ၁ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #ကြိုးကြီး #ပြည်သူ၄ဦး #လက်နက်ကြီးစထိ #ခလရ၂၆၄ #သတင်း
Share Share Share