စစ်အုပ်စု မိုင်းဆွဲခံရလို့ ၄ ဦးထိခိုက်၊ ကာကွယ်ရေးအဖွဲ့က ဒရုန်းတစီးပစ်ချခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၆ က ထွက်လာတဲ့ စစ်ကြောင်းကို ညောင်စောက်ကျေးရွာနဲ့ မဲကုန်းကျေးရွာအကြားမှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲပြီး ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက် နေ့လယ်၁ နာရီခွဲမှာ စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို မိုင်း ၄ လုံးဆွဲခဲ့တဲ့အပြင် ဒရုန်းနဲ့ အီနာဂါ ၂ လုံးကြဲချတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကဆိုပါတယ်။ 

ရဲဘော်တွေဘက်က အထိအခိုက်မရှိပေမဲ့  ကာလတန်ဖိုး သိန်း ၁၀၀ ရှိတဲ့ Mavic 3 ဒရုန်းတစီးကို စစ်ကောင်စီဘက်က ပစ်ချတဲ့အတွက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲခံရပြီး ခလရ ၂၅၆ စစ်ကြောင်းဟာ ရေစကြိုမြို့ပေါ်ကိုပြန်သွားတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်ကလည်း ရေစကြိုမြို့နယ် ဂွေးချိုရွာက ထွက်လာတဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ 

#ရေစကြို #ခလရ ၂၅၆ #စစ်ကြောင်း #တိုက်ခိုက်ခံရ #ထိခိုက် #ဒရုန်းပျက်စီး #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10